Visual programming ဆိုတာ Programming အယူအဆများကို ကိုယ်စားပြုဖို့အတွက် Graphic နှင့် Block များကို အသုံးပြုပီးဖန်တီးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ စာသားနှင့် အထားအသိုကိုနေရာများကို အဓိကထားသည့် သမားရိုးကျ ပရိုဂရမ်ဘာသာစကားများနှင့် မတူဘဲ အိုင်ကွန်များ၊ မြှားများနှင့် ပုံသဏ္ဍာန်များကဲ့သို့သော ရုပ်ပုံများကို အသုံးပြု၍ ဆော့ဖ်ဝဲများ Architecture ပုံများကို ဖန်တီးနိုင်သည်။ Visual programming ဖြင့်ချဉ်းကပ်မှုလုပ်ခြင်းအားဖြင့် ပရိုဂရမ်ရေးဆွဲခြင်းကို ပိုမိုနားလည်သဘောပေါက်စေပြီးအမြင်အာရုံများမှတစ်ဆင့်…